အမေရိကန် အခြေစိုက် ကမ္ဘာလှည့်ခရီးသွား အပျော်စီး သဘောၤလိုင်း Grand Circle Cruise Line က မြန်မာနိုင်ငံနှင့် ခရီးသွားလာရေး လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ဧရာဝတီ မြစ်ကြောင်းအတွင်း သွာလာရေး အတွက်ဟု မျှော်လင့်ရကြောင်း နှင့် ယင်း အစီအစဉ်ကို လာမည့် ၂၀၁၃ ခုနှစ် တွင် ၁၅ ရက်ကြာ လည်ပတ်ရေး ခရီးစဉ်ဖြင့် စတင်မည်ဖြစ်ကြောင်း ကုမ္ပဏီ က ထုတ်ပြန်ကြေညာထားဟု USA Today သတင်းက ဆိုသည်။ Grand Circle Cruise Line ကုမ္ပဏီခွဲ တခုဖြစ်သည့် Overseas Adventure Travel(OAT) ခရီးသွား ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင်း စွန့်စားသွားလာရသည့် ခရီးစဉ်များကို အမေရိကန် ခရီး သွားများအတွက် စီစဉ်နေသည်ဟုဆိုသည်။ အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများကို မကြာသေးခင်က ရုပ်သိမ်းပေး ခဲ့ပြီးနောက် ယင်း အစီအစဉ်များ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခင်က ခရီး သွားလုပ်ငန်းနှင့် ပတ်သက်ပြီး မြန်မာကို သပိတ်မှောက် ထားသော ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။