ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩစတြေးလျနိုင်ငံ၏ ပါလီမန်အလုပ်လုပ်ပုံနှင့် ပါလီမန်ရှိ ကော်မတီများ၏ တာဝန်များအကြောင်း လေ့လာရန် ကင်ဘာရာမြို့သို့ ရောက်ရှိနေကြသည်။ အာဏာရှင်အုပ်ချုပ် ရေး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးကို စတင်ထူထောင်ရန် မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းများ လေ့လာသင်ယူချင်စိတ် ပြင်းပြနေကြရာ The West Wing အမေရိကန် တီဗီဇာတ်လမ်းတွဲကို ကြည့်၍ပင် လေ့လာနေသည်ဟု ၎င်းနှင့်တွေ့ဆုံစဉ် ဦးရွှေမန်းက ပြော သည် ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက် ရွှေတံဆိပ်ဆု ပေးပွဲ အခမ်းနားတွင် ပြောကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။