အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက် အထိမ်းအမှတ် အနေဖြင့် ကမ္ဘာလှည့် ကျောပိုးအိတ် ခရီးသွား အစ္စရေး နိုင်ငံသား သုံးဦး နှင့် ပလေးဘွိုင်း တီးဝိုင်းအဖွဲ့မှ ဂစ်တာသမား ရစ်ချတ်တို့ က ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေ ဘုရား လမ်း အနီး လမ်းဘေး ဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံမည်ဖြစ်ပြီး အလှူခံရရှိငွေများကို ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း The Voice ဖေ့စ်ဘုတ်တွင် ရေးထားသည်။ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်မှ စတင်၍ ရာနှင့်ချီသော လူများက ရန်ကုန်မြို့တွင်း၌ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက် လှုပ်ရှားမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ ကချင် စစ်ပွဲများရပ်တန့်ရန် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးစီး၍ ငြိမ်းချမ်းစွာ ဆန္ဒပြမည့်အဖွဲ့အား ပြည်သူ့ရင်ပြင် ကားမှတ်တိုင်အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပိတ်ပင်တားဆီးမှုများ ပြုလုပ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။