ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ခရီးသည်တင် လေယာဉ် တိုက်ရိုက် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်ကို စက်တင်ဘာ ၂၈ ရက်တွင် စတင်မည် ဖြစ်ကြောင်း၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့ ပုံမှန် လေယာဉ်ပြေးဆွဲမှုရှိသောကြောင့် ဘန်ကောက်ကနေ မဲဆောက် မှတဆင့် မော်လမြိုင်မြို့ သို့ သွားရောက်နိုင်ရန် အဓိက ထားခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းရော စီးပွားရေး လုပ်ငန်းများ အတွက်ပါ အရေးပါသည့် ခရီးစဉ် ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဌ ကို ကိုးကား၍ ဘီဘီစီ ရေဒီယို သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။