ရခိုင်ပြည်နယ် ရွှေ သဘာ၀ ဓာတ်ငွေ့စီမံကိန်းသည် ၂၀၁၃ ခုနှစ်၌ စတင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်းသည် ၂၀၀၁ ခုနှစ်တွင် စတင်၍ ၂၀၀၄ ခုနှစ်တွင် သဘာ၀ ဓာတ်ငွေ့ စတင်တွေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင် ထုတ်လုပ် နိုင်မည် ဖြစ်သည်ဟု စွမ်းအင် ဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၂၁ ရက်ကကျင်းပသော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုး တက်ရေး ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ် ဆွေးနွေးပွဲ၌ ပြောကြားသွားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။ ထို့အပြင် မုတ္တမ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း စာချုပ်သည် ၁၉၉၈ ခုနှစ်တွင် စတင်၍ ၂၀၂၇ ခုနှစ်တွင် ပြီးမည် ဖြစ်ကြောင်း၊ ရဲတံခွန် သဘာ၀ ဓာတ်ငွေ့စီမံကိန်း စာချုပ်သည် ၂၀၀၀ ပြည့်နှစ်တွင် စတင် ၍ ၂၀၂၉ တွင် ပြီးဆုံးမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။