ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြောက်ကျား ဝတ်စုံများ ဝတ်ဆင်ထားသော အင်အား ၄၈ ဦးရှိ တပ်သားသစ် စုဆောင်းနေသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့အား အောက်တိုဘာ ၂၆ ရက်က အစိုးရတပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ SSA (ဝမ်ဟိုင်း) အဖွဲ့ တပ်မဟာ(၁) ဌာနချုပ်မှ တပ်သားသစ် နည်းပြ တာဝန် ထမ်းဆောင်သူ တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာနှင့် ၄၇ ဦးကို လက်နက်များ၊ ဖောက်ခွဲရေး မိုင်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ခေါင်းဆောင် ဖြစ်သူနှင့် တဦး လွတ်မြောက် သွားပြီး ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိကြောင်း မြဝတီ သတင်းဌာန ဖေ့စ်ဘုတ်၌ ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။