[irrawaddy_gallery]
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားသည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့နေ့လည်တွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဆက်လက်ထွက်ခွာသွားပြီး ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည်။