မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကကျပ် ၁ သိန်း တိတိဖြင့် ရောင်းချရန် ပြင်ဆင်နေသည့်SIM ကတ် အစီအစဉ်ကိုသမ္မတကထိုနှုန်းထားထက် ပိုမိုသက်သာသည့် နှုန်းဖြင့် ရောင်းချရန်ဆက်သွယ်ရေးဝန်ကြီးဌာနသို့အမှန်တကယ် ညွှန်ကြားထားခဲ့ကြောင်းနိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သည့် အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
နောက်ဆက်တွဲ သတင်းများအရသမ္မတ ဦးသိန်းစိန်ကယင်းဝန်ကြီးဌာနက တင်ပြလာသည့်ကျပ် ၁ သိန်းတန် မိုဘိုင်း SIM ကတ် ရောင်းချမည့်အစီအစဉ်ကိုကျပ် ၅ သောင်းသာ သတ်မှတ်ရန် ပြန်လည် ညွှန်ကြားခဲ့သည်ဟုနိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သူ တဦးက ဆိုသည်။
“သမ္မတကြီးကဖုန်းဈေးတွေကို သက်သက်သာသာ ဖြစ်စေချင်တယ်။တောင်သူလယ်သမားလို အခြေခံလူတန်းစား တွေပါ အသုံးပြုနိုင် စေချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ဝန်ကြီးဌာနကိုတသိန်းအောက် ရောင်းဖို့ ညွှန်ကြားခဲ့တယ်”ဟုအဆိုပါအစိုးရ အရာရှိက ဧရာဝတီကို ပြောသည်။
နိုင်ငံတော် သမ္မတအနေဖြင့်မိုဘိုင်းဖုန်း SIM ကတ် ဈေးနှုန်းများကိုကျပ် ၁ သိန်းအောက် ဖြစ်စေလိုသော်လည်းဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်မူထိုထက်လျော့သော ဈေးနှုန်းဖြင့် ရောင်းချရန်အတွက်ဆန္ဒမရှိကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
“အစကတည်းကဆက်သွယ်ရေးကဈေးလျှော့ရောင်းလည်း ရတာပဲ။ကျနော်တို့ ပုဂ္ဂလိက အတွက်ကတော့သိပ်ပြီး မထိခိုက်ပါဘူး။ရတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းကသူတို့နဲ့ လက်ဝေခံကုမ္ပဏီကြီး တချို့ကတော့ ပိုပြီးများပါတယ်။ကျနော်တို့လိုအဲဒီကုမ္ပဏီကြီးတွေကနေ တဆင့်ပြန်ယူတဲ့လုပ်ငန်းလေးတွေ ကတော့အကျိုးအမြတ်ကSIM ကတ်ဈေး ဘယ်လောက်ဖြစ်ဖြစ်အတူတူလောက်ပါပဲ”ဟုရန်ကုန်မြို့အခြေစိုက်နာမည်ရ မိုဘိုင်းဖုန်း ဝန်ဆောင်မှု ဆိုင်တဆိုင်မှတာဝန်ရှိသူက ပြောသည်။
နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်ကြောင့်SIM ကတ်များကို မဖြစ်မနေကျပ် ၁ သိန်းထက် သက်သာသည့် နှုန်းထားဖြင့် ရောင်းချရတော့မည် ဖြစ်သဖြင့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကဈေးကွက်အတွင်းမှ ပြန်သိမ်းပြီးသောကျပ် ၂ သိန်း ၅ သောင်းနှင့်ကျပ် ၂ သိန်းတန်ကတ်များကိုယခုရက်ပိုင်းအတွင်း၎င်းတို့၏ ဆက်သွယ်ရေးရုံးများတွင်ထို ဈေးနှုန်း အတိုင်းဖြင့်ပင် ပြန်လည်ရောင်းချမှုများ ရှိနေကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။
သို့သော်ဖုန်းကိုင်ဆောင် လိုသူများမှာမြန်မာ့ဆက်သွယ်ရေးက ပြန်လည်ရောင်းချနေသည့်SIM ကတ်များကိုဝယ်ယူရန် စိတ်မဝင်စားဘဲအသစ် ထွက်လာမည်ဖြစ်ပြီး ပိုမိုသက်သာမည့် ဈေးနှုန်းဖြင့် ရောင်းချမည့် မိုဘိုင်း SIM ကတ်များကိုသာမျှော်လင့်စောင့်စား နေကြသည်ဟုသိရသည်။
“ဆက်သွယ်ရေးကဈေးကွက်ထဲက သိမ်းပီးသား SIM ကတ်တွေကိုအရင်ဈေးနဲ့ပဲ ပြန်ရောင်းတယ်ဆိုတာကရှင်းနေတာပဲ။သမ္မတက ကျပ် ၁ သိန်းအောက် လျှော့ဖို့ ညွှန်ကြားထားတယ်လို့ သတင်းတွေက ထွက်နေတာ အမှန်ဆိုရင်သူတို့က ကျပ် ၁ သိန်းလောက်နဲ့ကို အနည်းဆုံး ရောင်းချင်ကြတာလေ။အဲဒါကြောင့်ဈေးကွက်ထဲက သိမ်းပြီးသားကတ်တွေကို အဲဒီဈေးနဲ့ ပြန်ရောင်းပြီးပြည်သူတွေဆီက ရသလောက် ယူတဲ့သဘောလို့ ထင်တယ်။ဒါပေမယ့်လူတွေက မဝယ်တော့ဘူး”ဟု ရန်ကုန်မြို့ လသာမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့်မိုဘိုင်းဖုန်း ဝန်ဆောင်မှုဆိုင်တဆိုင်မှဈေးကွက် ရှာဖွေရေး မန်နေဂျာတဦးက ပြောသည်။
မကြာသေးမီက ရာထူးမှ နုတ်ထွက်ခဲ့ရသည့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းသည် အထက်ညွှန်ကြားချက် များကို မလိုက်နာခြင်း၊ကျပ်သိန်းပေါင်း ထောင်ချီ၍ ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ပြည်သူများအတွက်ဈေးသက်သာသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ မပေးခြင်းစသည့် အချက်များကြောင့်ရာထူးမှနှုတ်ထွက်သွားရခြင်း ဖြစ်သည်ဟုသတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း၏ နောက်ဆက်တွဲ သတင်းများ အနေဖြင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှအင်ဂျင်နီယာချုပ် အပါအဝင်၊အဆင့်မြင့် ရာထူးပိုင်း တာဝန်ယူထားသောပုဂ္ဂိုလ်တချို့သည်နိုင်ငံတော် သမ္မတရုံး၏ ခေါ်ယူစစ်ဆေးခြင်းကို ခံနေရသည်ဟု ကြားသိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏မိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ် ဦးဌေးဝင်းနှင့်ဒုတိယအင်ဂျင်နီယာချုပ် တို့ကိုနိုင်ငံတော် သမ္မတရုံးမှ ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်းမှ စတင်ကာ၎င်းတို့၏ မိုဘိုင်းဖုန်းများကိုယခုအချိန်အထိ ဆက်သွယ်၍ မရပေ။