မန္တလေးမြို့ကို နိုင်ငံတကာ အဆင့်မီမြို့အဖြစ် ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ မင်္ဂလာ မန္တလေး ဟု အမည်ပေးထားသော ယင်း စီမံကိန်းကို မန္တလေးမြို့တော် စီပင်သာယာရေး ကော်မတီ၊ New Star Light ဆောက်လုပ်ရေး နှင့် Construction and Decoration(AI) တို့ အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်နေကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဖော်ပြထားသည်။ တည်ဆောက်ရေး ဧရိယာမှာ ချမ်းမြသာစည် မြို့နယ် မြို့သစ်(၁) ရပ်ကွက် သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား ၇၃ လမ်း ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းရှေ့ မြေ အကျယ်အဝန်း ၄၇ ဧက ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ၂၇ ကြိမ်မြောက် SEA Game ကာလတွင် တချို့ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးရန် ရှိကြောင်း သိရသည်။ လူနေတိုက်ခန်းများ၊ ကွန်ဒိုမီနီယံများ၊ ဟိုတယ်များ၊ ကားပတ်ကင်များ၊ ဈေးဆိုင်ခန်းများ စသည်တို့ ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။