မြန်မာနိုင်ငံအတွင်း ယခု ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ဗုံးခွဲ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပြီး ယင်းသို့သော အကြမ်းဖက်မှုများသည် ယဉ်ကျေးသော လူ့ဘောင်၌ နေရာ မရှိတော့ကြောင်း၊ မြန်မာ ပြည်သူများ အနေဖြင့် အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား ရင်ဆိုင်ပြီး အမျိုးသား ပြန်လည် သင့်မြတ် ရေး ဆောင်ရွက်ရန်နှင့် အစိုးရအနေဖြင့် ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အောက်တိုဘာ ၁၇ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။