ဧရာဝတီ သတင်းဌာန (မြန်မာပိုင်း) အတွက် အလုပ်သင် သတင်းထောက် ၄ ဦး၊ အကြီးတန်း သတင်းထောက် ၂ ဦးနှင့် ကော်ပီအယ်ဒီတာ ၂ ဦး အလိုရှိသည်။
အကြီးတန်း သတင်းထောက် နေရာအတွက် လျှောက်ထားသူသည် သတင်းထောက် လုပ်သက်နှင့် အတွေ့အကြုံ ၅ နှစ်နှင့်အထက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းနှင့် ဆောင်းပါးများကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် ရေးသားနိုင်သူ ဖြစ်ရမည်။ ဗဟုသုတ ဖတ်ရှု လေ့လာအားကောင်းသူ ဦးစားပေးမည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
အလုပ်သင် သတင်းထောက် နေရာအတွက် လျှောက်ထားသူသည် လုပ်သက်နှင့် အတွေ့အကြုံမလို၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းများကို စိတ်ဝင်စားဖတ်ရှု လေ့လာသူ ဖြစ်ရမည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
ကော်ပီအယ်ဒီတာ နေရာအတွက် လျှောက်ထားသူသည် သတင်းအခြေခံ နားလည်သူ ဖြစ်ပြီး မြန်မာစာ အရေးအသား ကျွမ်းကျင်သူ၊ စာဖတ်အားကောင်းသူ၊ သတ်ပုံသတ်ညွှန်း သဒ္ဒါအထားအသို စိစစ်နိုင်သူ၊ ကွန်ပျူတာဖြင့် စာစီစာရိုက် (ဇော်ဂျီဖောင့်) ကျွမ်းကျင်သူ ဖြစ်ရမည်။
အထက်ပါ အလုပ်နေရာများအတွက် စိတ်ဝင်စားသူများသည် အမှတ် ၁၉၅/ ၁၉၇၊ ဒုတိယထပ် ၃၂ လမ်း (အပေါ်)၊ ရန်ကုန်မြို့သို့ လိုင်စင် ဓာတ်ပုံတပုံ၊ ကိုယ်ရေးအကျဉ်းနှင့်တကွ လူကိုယ်တိုင် လာရောက်၍ နိုဝင်ဘာ ၁၅ ရက်နေ့ထက် နောက်မကျဘဲ လျှောက်ထားနိုင်ပါသည်။