ရခိုင်ပြည်နယ်မှ မွတ်စလင်အမျိုးသမီးနှင့်ကလေးများ အပါအဝင် စုစုပေါင်း
လူဦးရေ ၇၀ လိုက်ပါသော လှေတစင်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် နိုဝင်ဘာလ
၃ ရက်နေ့က နစ်မြုပ်သွားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံးနှင့် အမေရိကန်ပြည်ထာင်စုက ဝမ်းနည်းကြောင်း
ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာအစိုးရအနေနှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်
အရေးနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ကိုင်တွယ်
ဖြေရှင်းလိုအပ်နေကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၃
ရက်နေ့ နစ်မြုပ်သွားသည့် လှေသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန်
ကြိုးစားစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည် ဟု နိုင်ငံတကာသတင်းများတွင်
ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။