အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott နှင့် ယနေ့ တွေ့ဆုံသည်။ သြစတြေးလျနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်ပါက ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်လာမည် မဟုတ်ကြောင်း၊ တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်ရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်းTony Abbott နှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ပြော ဆိုသည်ဟု သြစတြေးလျ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ကလည်း ဆစ်ဒနီ ကဇာတ်ရုံ၌ ဂုဏ်ထူးဆောင်ဘွဲ့လက်ခံခဲ့ကြောင်း သိရသည်။ ၎င်း၏ ၅ ရက်ကြာ သြစတြေးလျ ခရီးစဉ်ကို အင်္ဂါနေ့က စတင်ခြင်းဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။