ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို ငြင်းဆိုလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်ဟု ယနေ့ထုတ် 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသား အားလုံး အတွက် အရေးကြီးပြီး NLD ပါတီ တခုတည်းသာမက တရားဝင် ပါတီ ၅၈ ပါတီနှင့်လည်း သက်ဆိုင်ကြောင်း ၎င်းက ပြော သည်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်သူ့ လွှတ်တော်သို့ စာပေးပို့၍ မေတ္တာ ရပ်ခံခြင်း ဖြစ် ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။