သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် က အဓမ္မဝါဒီများ တစတစ ခေါင်းထောင်ထလာသည်ကို ဓမ္မဝါဒီ အားလုံးက ဝိုင်းဝန်းစောင့်ကြည့် စိစစ်ရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။ သတ္တမ အကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ တတိယ အစည်းအဝေး၌ ဆရာတော်ကြီးများအား ထိုသို့လျှောက်ထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ မိမိ ၏ ဟောပြောရေးသားချက်များကို မိမိဘာသာ တာဝန်ယူရမှာဖြစ်ပြီး လွတ်လပ်စွာ ရေးသားဟောပြောခွင့်ကို ကိုင်စွဲ၍ အဓမ္မဝါဒီများကို ဟောပြော သင်ကြားပေးခြင်း၊ စာအုပ် စာစောင်နှင့် အသံသွင်း တိပ်ခွေ၊ စီဒီများ ထုတ်ဝေဖြန့်ချိခြင်းများ ရှိနေသည်ကို စောင့်ကြည့် စိစစ်ပြီး ထေရဝါဒ ဓမ္မအလင်းရောင်ကို ထွန်းလင်းပေးကြပါရန် လျှောက်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။