သမိုင်းပညာရှင်နှင့် Yangon Heritage Trust ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးသည် ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးက ယခုနှစ်အတွက် ထုတ်ပြန်သည့် Leading Global Thinkers စာရင်းတွင် ထည့်သွင်းဖော်ပြခံရကြောင်း သိရသည်။ ဒေါက်တာ သန့်မြင့်ဦးသည် ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲခြင်း၊ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို အများပြည်သူ သိမြင်အောင် ကြိုးပမ်း လုပ်ဆောင်မှုများ ကြောင့် ဖြစ်ကြောင်း သိရှိရသည်။ Foreign Policy မဂ္ဂဇင်းကြီးသည် ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများ စာရင်းကို ၂၀၀၅ ခုနှစ်တွင် စတင် ထုတ်ပြန်လာခြင်း ဖြစ်ပြီး ယမန်နှစ်က ထုတ်ပြန်သော နံပတ် (၁) နေရာကို သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ ရရှိခဲ့ကြောင်း၊ ယခုနှစ် စာရင်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် Amazon.com ထူထောင်သူ ဂျက်ဇ်ဘီဖော့စ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။