မြန်မာစစ်တပ်နှင့် ကန့်သတ်ချက်များဖြင့် ဆက်ဆံရန် အမေရိကန် သမ္မတ အိုဘားမား၏ အစီအစဉ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း သိရသည်။ မြန်မာစစ်တပ်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုလိုလားလား မရှိကြောင်း၊ တိုင်းရင်းသား လူနည်းစုများနှင့် ဘာသာခြားများအပေါ် မတရား ဖိနှိပ်မှုများ ရှိနေကြောင်း၊ ကုလသမဂ္ဂ၏ ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး မြောက်ကိုရီးယား နှင့် လက်နက်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။