မြန်မာနိုင်ငံ၏ ကလေးစစ်သား ပပျောက်ရေး စီမံကိန်းများတွင် အစိုးရနှင့် စစ်တပ်ပါဝင် ဆောင်ရွက်နေသည်ကို ကြိုဆိုကြောင်း၊ နောက်ဆုံး ကိန်းဂဏန်းများအရ ကလေးငယ် ၁၇၆ ဦးကို စစ်တပ်ထဲက ထွက်ခွင့်ပေးထားသည်ကို တွေ့ရကြောင်း ကုသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ အသံအမတ်ကြီး Ms Sylie Lucasက ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြောဆိုသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် အတွင်း ကလေးစစ်သား လုံး၀ ပပျောက်ရေး နောက်ဆက်တွဲ စာချုပ်ကို အမြန်ဆုံး ရေးထိုးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။