အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံ (World Innovation Summit for Health – WISH) သို့ တက်ရောက်မိန့်ခွန်း ပြောမည်ဖြစ်ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတခုသို့ သွားရောက်မည့် သူ၏ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ယင်းညီလာခံကို ဒီဇင်ဘာ ၁၀ ရက် မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ကမ္ဘာတဝှမ်းရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။