ဆီးဂိမ်းပြိုင်ပွဲ၌ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပရန် ၃ ရက်အလိုတွင် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သိရသည်။ အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်းအနေဖြင့် အကြောင်းကြောင်းကြောင့် လာရောက် မယှဉ်ပြိုင်နိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်က အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ယနေ့ထုတ် 7 Day သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၆ နိုင်ငံသာ ကျန်ရှိတော့မည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။