အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) အကြီးအကဲ Ms. Cristine Lagarde က မြန်မာနိုင်ငံ တိုးတက်ရေး အတွက် အမုန်းပွားမှုများကို အဆုံးသတ်ရန်နှင့် ပထဝီဝင် နိုင်ငံရေး အသားချက်ကို အမြန်ဆုံး အသုံးချရန် လိုကြောင်း ဒီဇင်ဘာ ၇ ရက်နေ့ ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်ဟု ဆိုသော်လည်း အစိုးရ၏ စီးပွားရေး မူဝါဒများ တည်ငြိမ်ရန် လိုကြောင်း၊ အခြေခံ အဆောက်အအုံ မပြည့်စုံမှုများ၊ အလုပ်သမား ပြဿနာများကြောင့် နိုင်ငံစုံ ကော်ပိုရေးရှင်းများ လာရောက်ခြင်း မရှိသေးကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက သုံးသပ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။