မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၃၃ ဆု ရရှိပြီး နိုင်ငံအလိုက် ဒုတိယ အဆင့် ရရှိသည်။ ထိုင်းနိုင်ငံက ရွှေ ၁၀၇ ခု၊ ငွေတံဆိပ် ၉၄ ခု၊ ကြေးတံဆိပ် ၈၁ ခုဖြင့် ပထမ နေရာ၌ ရပ်တည်ပြီး၊ ဗီယက်နမ်နိုင်ငံ က ရွှေတံဆိပ် ၇၃၊ ငွေတံဆိပ် ၈၆၊ ကြေးတံဆိပ် ၈၆ ဖြင့် တတိယ ရရှိသည်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ မှ ၂၂ ရက် အထိ နေပြည် တော်၊ မန္တလေး၊ ရန်ကုန် နှင့် ငွေဆောင် တို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။