ရှေးဟောင်း သုတေသန ပညာရှင်များ စုပေါင်း ဖွဲ့စည်းထားသည့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး ပထမ ဆုံး လွတ်လပ်သည့် NGO အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် ဦးသူရအောင်က ပြောကြားသည်။ ယူနက်စကို ၏ ၁၉၇၂ ခုနှစ် သဘောတူ စာချုပ်လမ်းညွှန်အရ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဝင်ရောက်နိုင်ရန် အစိုးရ အပြင် ရှေးဟောင်း ပညာရှင်များ၊ NGO အဖွဲ့အစည်းများမှ ဝိုင်းဝန်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ တွင် ရှေးဟောင်း သုတေသန ဦးစီးဌာန တခုတည်းမှ တူးဖော်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အသိပညာပေး ဖြန့်ဝေခြင်းများ လုပ်ဆောင်လျက်ရှိရာ ထိရောက်မှု အားနည်းနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။