မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပထမဆုံး ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ASEAN Foreign Ministers’ Meeting Retreat, AMM (Retreat) ကို ပုဂံမြို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၅ မှ ၁၈ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသတင်း ရယူမည့် ပြည်တွင်း ပြည်ပ မီဒီယာသမားများ အဆင်ပြေရေး စီစဉ်ထားကြောင်းနှင့် သတင်းထောက်ကတ် ရရှိရေး၊ ဗီဇာလျှောက်ထားရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။