အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီသို့ ပြောင်းလဲနေပြီဟု ဆိုသည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ယင်းကြောင့် ဒီမိုကရေစီ ဖော်ဆောင်နေသည်ဟု ဆိုသည်ကို ယုံကြည်ရန် ခက်ခဲကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ Amnesty International-AI အဖွဲ့ကို ၁၉၆၁ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်တွင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုနှင့် ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂ က ပေးအပ်သည့် လူ့အခွင့်အရေးဆု ရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။