Culture

သင်္ကြန်မှာ တရားစခန်း ဝင်မယ်ဆိုရင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒီနှစ် သင်္ကြန်တွင်းမှာ နာမည်ကြီး ဆရာတော် တချို့ရဲ့ တရားစခန်းတွေ မဖွင့်လှစ်တာ တွေ့ရပြီး ဖွင့်လှစ်တဲ့ တရားစခန်းတွေမှာ စခန်းဝင်လိုသူတွေ များပြားလွန်းတာ သိရတာကြောင့် တရားစခန်းဝင်မယ့် သူတွေအဖို့ ကြိုတင်ပြင်ဆင်မှု မရှိရင် အခက်အခဲတွေ တွေ့နိုင်ပါတယ်။

သင်္ကြန်မတိုင်မီ ဧပြီလဆန်း လောက်ကတည်း က တရားစခန်းတွေကို ကြိုတင် ဖုန်းဆက်ပြီး စာရင်းပေးဖို့ လိုအပ်ပါတယ်။

တရားစခန်းဝင်တဲ့ သူတွေမှာ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ အများစု ဖြစ်ပေမယ့် ဒီနှစ်သင်္ကြန် မှာတော့ လူငယ်တချို့လည်း တရားစခန်းဝင်ဖို့ စိတ်ဝင်စားလာတာ တွေ့ရပါတယ်။

စမ်းချောင်းမြို့နယ်မှ မငယ်က “သင်္ကြန်မှာ အပြင်ထွက်ပြီး မလည်ချင်ဘူး၊ တရားစခန်း ဝင်မယ်လို့ စဉ်းစားထားတာ၊ ပြီးခဲ့တဲ့ တပတ် လောက် ကတည်းက စုံစမ်းတာ၊ တရားစခန်းတွေမှာ လူပြည့်သွားပြီတဲ့၊ ဘယ်မှာ စာရင်းပေးရမှန်း မသိဘူး”လို့ ပြောပါတယ်။

မြို့သစ်တွေက ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ တရားစခန်းတွေ တော်တော်များများမှာလည်း သင်္ကြန် မတိုင်မီ ကတည်း က လူပြည့်နေပြီလို့ သိရပါတယ်။

ဒဂုံအရှေ့ပိုင်းမြို့နယ် အောင်ဗောဓိတရား ရိပ်သာမှာ လစဉ်ပုံမှန် တရားစခန်းဝင်နေသူ မစန်းက“သင်္ကြန်မှာ ဝင်ဖို့ အတွက် သုံးလ ပိုင်း တရားစခန်း ဝင်တဲ့ရက်ကတည်းက တလလောက် ကြိုတင်စာရင်းပေး ထားကြတယ်၊ ဒီနှစ်လည်း လူတိုးလက်ခံပေမယ့် အခု ပြည့်သွားပြီ”လို့ ပြောပါတယ်။

သင်္ကြန်တွင်း တရားစခန်းဖွင့်လှစ်မယ့်  ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်၊အင်းမ) ရဲ့ ဓမ္မရဝေ တောရ ကျောင်းတိုက်မှာလည်း  တရားစခန်း ဝင်မယ့်သူတွေ ပြည့်နှက်နေတယ် လို့ သိရပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒရဲ့ မှော်ဘီဓမ္မဓူတ ကျောင်းတိုက်၊ ဆရာတော်အရှင် ဆန္ဒာဓိကရဲ့ ရွှေပါရမီတောရ ကျောင်းတိုက်၊ ကိုးဘွဲ့ရ ဆရာတော် အရှင်အာစာရာ လင်္ကာရရဲ့ကျောင်းတိုက် တွေမှာတော့ တရားစခန်း ဖွင့်လှစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီးမှာတော့ တရားစခန်း ဝင်မယ့်လူဦးရေ စာရင်း ပြည့်သွားပြီ ဖြစ်ပေမယ့် ထပ်ပြီး စာရင်းပေးချင်တယ် ဆိုရင် ဆက်သွယ်စုံစမ်း မေးမြန်းလို့ ရနိုင်ပါတယ်။

မင်္ဂလာဒုံ၊ ပုလဲမြို့သစ် ဉာဏ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ နိဗ္ဗာန်ရွှေကူ တောရရိပ်သာနှင့် ရွှေဓမ္မ ရိပ်ငြိမ်တောရ ရိပ်သာ ကျောင်း တိုက် တွေမှာတော့ စာရင်းပေးသွင်းလို့ ရနိုင်ပါသေးတယ်။

နိဗ္ဗာန်ရွှေကူတောရ ရိပ်သာမှာ လူဦးရေ ၃၀ဝ လက်ခံမှာဖြစ်ပြီး တရားစခန်းဝင်မယ့်ရက်က ဧပြီလ ၁၁ ရက်မှ ၂၀ ရက်အထိ ၁၀ ရက် တရားစခန်း ဖြစ်တယ်လို့ သိရပါတယ်။ ရွှေဓမ္မရိပ်ငြိမ်တောရ ကျောင်းမှာတော့ လူဦးရေ ၅၀ လက်ခံမှာ ဖြစ်ပြီး ဧပြီလ ၁၃ ရက်မှ ၂၂ ရက်နေ့အထိ ၁၀ ရက်သတ်မှတ် ထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း ဝင်ရောက်နိုင်သော တရားစခန်း တချို့

မိုးကုတ် ဝိပဿနာ (ရန်ကုန်) ၊ ဆက်သွယ်ရန် – ၀၁ ၅၄၁ ၈၆၀၊ ၅၄၆ ၄၆၆
စတုဘုမ္မိက မဂ္ဂင်ရိပ်သာ ၊ ဆက်သွယ်ရန် – ၀၁ ၅၇၁၉၂၉၊ ၀၉၄ ၂၁၀ ၃၉၇ ၄၆၊ ၀၉၄ ၂၁၀ ၂၃၉ ၈၀
လှိုင်မဟာစည် ၊ ဆက်သွယ်ရန် – ၀၁ ၅၂၆ ၁၈၂၊ ၅၂၁၁၀၇၊ ၅၁၉၇၅၀
တောင်သုံးလုံး ဇေတဝန် ပရိယတ္တိစာသင်တိုက် ၊ နေပြည်တော် ၊ လယ်ဝေးမြို့နယ်
မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးသန်း၏ သမ္မတကမ်းခြေ သင်္ကြန်တရားစခန်း၊ ဒလမြို့နယ်
စာဘူးတောင်းသင်္ကြန် တရားစခန်း၊ ကုသလရာမ မိုးကုတ် ဝိပဿနာအဖွဲ့ခွဲ၊ စာဘူးတောင်းရွာ၊ လှည်းကူးမြို့နယ်

Did you find apk for android? You can find new Free Android Games and apps.
Loading