Crime

အင်းလျား လမ်းပေါ်တွင် နေ့လယ်ခင်းချိန် ကားလုယူထွက်ပြေးမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ အင်လျားလမ်းပေါ် နေ့လယ်ခင်းချိန် ကားလုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ကားလုယက်သူကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူတချို့က ဝိုင်းဝန်း ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က ဘင်္ဂလားဒေ့ရှ် သံရုံးအနီး၊ အင်လျားလမ်းမပေါ်တွင် ယာဉ်မောင်း ကိုစိုးမိုး မောင်းနှင်လာသော AA- 6670 နံပါတ် တိုယိုရိုတာ Fielder ယာဉ်ကို ကိုစိုးပြည့်မွန်ဆိုသူက လုယက်ခဲ့ပြီး ကားကို မောင်း နှင် ထွက်ပြေးရာ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့် မီးပွိုင့် အရောက်တွင် မီးပွိုင့်တွင် ခေတ္တ ရပ်တန့် နေသော ကား၃ စီးကို ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယဉ်တိုက်မှု ဖြစ်ပွားစဉ်  မီးပွိုင့်တွင် တာဝန်ထမ်းဆောင် နေသော ယာဉ်ထိန်းရဲ က စစ်ဆေးအရေးယူမှုများ လုပ်ဆောင်ရန် ကားအနီးသို့ ချည်းကပ်လာစဉ် ကားလုယက်လာသူ ကိုစိုးပြည့်မွန် က တာဝန်ကျ ယာဉ်ထိန်းရဲကို လက်သီးဖြင့် လှမ်းထိုးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ ပြည်သူတချို့နှင့် သက်ဆိုင်ရာ ယာဉ်ထိန်းရဲ များ ဝိုင်းဝန်းပူးပေါင်း၍ ကိုစိုးပြည့်မွန်ကို ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်နယ်မြေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် စိုင်းထွန်းလင်းခိုင်က ဧရာဝတီသို့ ပြောသည်။

“ ကျနော် ယဉ်ထိန်းရဲ အထိုးခံရတဲ့အတွက် သူ့ကို တာဝန်ဝတ္ထရား နှောက်ယှက်မှုနဲ့ အမှု ဖွင့်မယ်။ အခုရဲစခန်းကို သွားနေပြီ ” ဟု  ဒုရဲအုပ်စိုင်းထွန်းလင်းခိုင်က ဆိုသည်။

လုယက်မှုဖြစ်ပွားသော နေရာသည် ဗဟန်းမြို့နယ် အပိုင်တွင် ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် ကားလုယက်သူ ကိုစိုးပြည့်မွန် ကို ကားလုယက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု တို့ဖြင့် ဗဟန်းမြို့နယ်ရဲစခန်းကလည်း အမှုဖွင့် ထားကြောင်း၊ ကမာရွတ် မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ကားလုယက် မောင်းနှင်ထွက်ပြေးသူ ကိုစိုးပြည့်မွန်သည်  အရက် အမူးလွန်နေပြီး ယခုအခါဗဟန်းမြို့နယ် ရဲစခန်းတွင် အချုပ်ချထားကြောင်း ၊ ယခုကဲ့သို့နေခင်းကြောင်တောင် ကားလုယက်ခံရပြီး ယဉ်တိုက်မှု ဖြစ်စဉ်မှာအလွန်ရှားပါးသော ဖြစ်စဉ်တခု ဖြစ်ကြောင်း ကမာရွက်မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝေလင်းအောင်က ဧရာဝတီသို့ ပြောသည်။

“ဘယ်လောက် မူးနေလဲဆိုရင် နာမည်တောင် မနည်း မေးယူရတယ် ။ ရဲကိုတောင် မူးပြီး ပြန်ရန်လုပ်ချင်တဲ့ သဘော ရှိတယ် ” ဟု ဒုရဲမှူးဝေလင်းအောင်ကပြောသည်။

“တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ ကားငှားမယ်ဆိုလို့ တက္ကစီကားမောင်းတဲ့သူက ရပ်ပေးလိုက်တယ်။ အဲဒီမှာ သူ့ကို လက်သီးနဲ့ လှမ်းထိုးတော့ မောင်းပြေးဖို့လုပ်တာ။ ကား မမောင်း ထွက်နိုင်ခင် မှာ ကားလုတဲ့သူက နောက်ခန်းကို ဝင်ထိုင်ပြီး လက်သီးနဲ့ဆက်တိုက်ထိုးတော့ ဆက်မောင်းလာရင်း သစ်သီးတန်း ရှေ့အရောက်မှာ ကားသမားက ကြောက်ပြီး ကားပေါ်က ဆင်းပြေးတဲ့အခါ အဲဒီလူက ကားကို ဆက်မောင်းပြေးပြီး မီးပွိုင့်ထိပ်ရောက်တော့ ကားတိုက်မိတာပဲ ” ဟု ဗဟန်းမြို့နယ် စခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading