ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံ တထောင်ကျော် ဖားကန့်မြို့ အနီး ကံဆီး ဆိုင်းရာ ကျေးရွာတွင် ပိတ်မိနေကြောင်း သတင်းရ သည်။
“ပိတ်မိနေတဲ့ ဒုက္ခ္ခ္ခသည်တွေက ကျနော်တို့ဆီ ဖုန်းဆက်လာလို့ ကျနော်တို့ အဖွဲ့ ၁၈ ရက်က သွားကယ်ဖို့ လုပ်တယ်။ ဒါပေမယ့် ဆန်ခါ ကနေ ပြန်လှည့်လာရတယ်။ အခုထိ သွားကယ်ဖို့ လမ်းမဖွင့်သေးဘူး။ ဒုက္ခသည်တွေကိုလည်း ထွက်ခွင့် မပြုဘူး။ ပိတ်မိတဲ့ ဒုက္ခသည်တွေက တထောင်ကျော်တယ်”ဟု ဖားကန့်မြို့၌ လူထု အခြေပြု လုပ်ငန်းများ လုပ်ဆောင်နေသည့် ဦးမရန်ဂျာလက ဆို သည်။
ဇန်နဝါရီ ၁၆ ရက်က စတင်ပိတ်မိနေသည့် ဒေသခံများကို ကယ်ဆယ်ရန် သွားရောက်ကြသည့် ဘာသာရေး ခေါင်းဆောင်များ၊ ဖားကန့် ရပ်မိရပ်ဖများ၊ နိုင်ငံရေး အဖွဲ့အစည်းများကို ကံဆီး ဆိုင်းရာသို့ သွားရောက်ရန် ဖြတ်သန်းသွားရသည့် ဆန်ခါ ကျေးရွာ အရောက်တွင် အစိုးရ စစ်တပ်က ဖြတ်သန်း ခွင်မပြုဘဲ တားမြစ်ခဲ့ကြောင်း ဦးမရန်ဂျာလက ပြောသည်။
ကံဆီး ဆိုင်းရာ ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံများမှာ အနီးတဝိုက် ကျေးရွာများဖြစ်သော အောင်ဘာလေ (သန်းဂေါင်)၊ ကံဆီး ဟော်၊ ဂင်ဆီ ကျေးရွာများမှ ဖြစ်ကြပြီး လက်ရှိတွင် ကံဆီး ဆိုင်းရာရှိ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ကံဆီး ဆိုင်းရာ ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံ အမျိုးသား တဦးက“လောလောဆယ် ကျနော်တို့ စားဝတ်နေရေး အရမ်း ခက်ခဲနေပါတယ်။ တချို့ ဘုရားကျောင်းဆိုရင် ရိက္ခ္ခာ ပြတ်နေပြီ။ ကံဆီး ဆိုင်းရာမှာရှိတဲ့ ကုန်စုံဆိုင်တွေလည်း ကုန်ပစ္စည်း မရှိသလောက် ကုန်နေပြီ။ ဒီလို ဆက်ပြီး ပိတ်ထားမယ် ဆိုရင်တော့ ရိက္ခ္ခာတွေ ပြတ်သွား နိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပိတ်မိခံထားရသည့် ဒေသတွင် အစိုးရ စစ်တပ် အခြေချထားကြောင်း၊ ဒုက္ခ္ခသည်များကို ကျေးရွာအတွင်း ဝင်ထွက် သွားလာခွင့် မပြုသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် ဇန်နဝါရီ ၁၆ ရက်မှ စပြီး ဒုက္ခ္ခသည်များ တဖြည်းဖြည်း ရောက်ရှိလာကြောင်း အဆိုပါ ဒေသခံ က ပြောပြသည်။
တိုက်ပွဲများ အခြေအနေနှင့် ပတ်သက်ပြီး KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက“ဒီနေ့လည်း တိုက်ပွဲတွေ ကျို့ကြားကျို့ကြား ဖြစ်နေသေးတယ်။ တိုက်ပွဲကြီးတော့ မဖြစ်ဘူး”ဟု ဧရာဝတီကို ပြောသည်။
ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း- ကာမိုင်း- ဖားကန့်လမ်းကို သွားရောက် စစ်ဆေးကြည့်ရှုသည့် ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူနော် နှင့်အတူ လိုက်ပါသွားသည့် လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦးအား ဖားကန့်မြို့ ဟွေလုံ ကျေးရွာ အနီးတွင် KIA က ထိန်းသိမ်းခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ မှ စတင်ပြီး နှစ်ဘက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။