မြန်မာ တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် ဖွဲ့များကြားမှ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်မှ လူ ၄ ဦး သေဆုံးခဲ့အပြီး တိုက်လေယာဉ်များကို မြန်မာနယ်စပ်သို့ ပို့ခြင်းနှင့် သံတမန်ရေး ကန့်ကွက်မှုများကို ပြုလုပ်ခဲ့သည်။
မြန်မာအစိုးရသတင်းစာများ၏အဆို ကိုးကန့်လက်နက်ကိုင်များနှင့် အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး လေကြောင်းမှ ပစ်ခတ်မှုများလည်း ရှိနေကြောင်း ဆိုသည်။
တရုတ်အစိုးရ၏ ဆင်ဟွာသတင်းဌာနအဆို တရုတ်နယ်စပ်မြို့ လင်ကန်းမြို့တွင်းသို့ သောြက်ာနေ့က ဗုံးကျခဲ့ရာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တရုတ်လေတပ် ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး ရှန်ဂျင်ကီးက တရုတ်နယ်စပ်နားသို့ ချဉ်းကပ်လာသော မည်သည့်လေယာဉ်ကို မဆို လိုက်ရန်နှင့် သတိပေးရန် တရုတ်တိုက်လေယာဉ်များကို ပို့ထားကြောင်း ပြောသည်။ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး လျူစန်မင်းကလည်း သောြက်ာနေ့က မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လွှာ ပေးခဲ့သည်။
မတ်လ ၈ရက်နေ့က အိမ်တလုံးကို လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည့်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို သတိပေးခဲ့သေးသည်။ ၁ လ ကျော်ကြာခဲ့ပြီ ဖြစ်သော တိုက်ပွဲများကို ပြေငြိမ်းအောင်ဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။
တိုက်ပွဲများတွင် တရုတ် ကြေးစားစစ်သားများက တရုတ်နွယ်ဖွား ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ ဝင်ရောက် တိုက်ခိုက်နေသည်ဟု မြန်မာဘက်မှ စွပ်စွဲမှုများလည်းရှိနေသည်။
ယခင်လမှ စတင်၍ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရတပ်ဖွဲ့များကြားတွင် တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့သည်။ (MNDAA) သည် မြန်မာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အကြွင်းအကျန် တပ်ဖွဲ့တခုဖြစ်သည်။ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးခဲ့သော ဗကပသည် ၎င်းတို့ ပြိုကွဲသွားခဲ့ရသည့် ၁၉၈၉ ခုနှစ်အထိ အစိုးရက ပျောက်ကြား စနစ်ဖြင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါသည်။
တိုက်ပွဲများကြောင့် သောင်းနှင့် ချီသောဒုက္ခသည်များ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
သီတင်းပတ်ကုန်ရက်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းတွင် မြန်မာအစိုးရတပ်ဖွဲ့များဘက်မှ ထိခိုက် ဒဏ်ရာ ရရှိသူ ၈ ဦး ရှိသည်ဟု အစိုးရပိုင် Global New Light of Myanmar သတင်းစာက မတ်လ ၁၀ရက်နေ့တွင် ရေးသား ဖော် ပြခဲ့သည်။
တရုတ်နှင့် မြန်မာကိုယ်စားလှယ်များ ဘေဂျင်းနှင့် နယ်စပ်မြို့များတွင် ဆွေးနွေးမှုများ ပြုလုပ်၍ ပဋိပက္ခများ ရပ်တန့်နိုင်ရန် ကြိုးစားခဲ့သော်လည်း သိသာသော သက်ရောက်မှု အနည်းငယ်မျှသာ ရရှိခဲ့ပါသည်။