မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အရှိန်အဟုန်တုန့်ဆိုင်းသွားပြီ ဖြစ်ကြောင်း အမေရိကန် လွတ်တော် အမတ် မစ်ချ် မက်ကော်နယ်(Mitch McConnell) က ဝေဖန်လိုက်ပါတယ်။
မကြာခင် မြန်မာပြည်မှာ ပြုလုပ်မယ့် ရွှေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကို မပေါ်လွင် မထင်ဟပ်တဲ့ ရလဒ်တွေဆိုရင်တော့ အမေရိကန်ကွန်ဂရက်က မြန်မာ့ပြုပြင်ပြောင်းလဲ ရေးအပေါ်ထားတဲ့ ယုံကြည်မူကို ပျက်ပြားစေမှာဖြစ်ပြီး အမေရိကန်နဲ့ မြန်မာအကြားမှာ ပြုလုပ်မယ့် စီးပွားရေး နဲ့ တပ်မတော် အချင်းချင်း ဆက်ဆံရေးတွေကလည်း ဖြစ်လာနိုင်ဖို့ နည်းပါးတယ်လို့ မြန်မာကို သတိပေး ပြောကြားလိုက်ပါတယ်။
“မြန်မာပြည်အရေးကို ဂရုစိုက်စောင့်ကြည့်နေတဲ့ ကျနော်တို့ အဖို့တော့ မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေးဟာ အရှိန်အဟုန်တုန့်ဆိုင်းသွားတဲ့ လက္ခဏတွေကို တွေ့နေရပါတယ်။
ဒါဟာ အားလုံးအတွက် စိုးရိမ်စရာပဲ ဖြစ်ပါတယ်” လို့ ကွန်ဂရက်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမူနဲ့ ယခင် စစ်အစိုးရကို ပြစ်ဒဏ်ချမှတ် ပိတ်ဆို့ရာမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ မစ်ချ် မက်ကော်နယ်က သူ့အနေနဲ့ မြန်မာအာဏာပိုင်တွေဟာ အပြောင်းအလဲလုပ်ဖို့ အချိန်ရှိသေးကြောင်းနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဘယ်သူကပဲ သမ္မတ ဖြစ်ခွင့် ရှိတယ်ဆိုတာ တွေ၊ လွတ်တော်မှာ တပ်မတော်က မဲပေးခွင့်ယူထားတဲ့ ကိစ္စတွေကိုလည်း တဲ့တိုးဝေဖန် လိုက်ပါ တယ်။
မစ်ချ် မက်ကော်နယ်ဟာ မကြာသေးခင်က US ကို သွားရောက်လည်ပတ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့တာကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ ဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့စဉ် တုန်းကလည်း သူဟာ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး ဆက်လုပ်ဖို့လိုသေးတယ် ဆိုတာကို အသေအချာ လေးလေး နက်နက် ပြောခဲ့ကြောင်းလည်း သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။