မြန်မာပြည်ရဲ့ စီးပွားရေးထဲမှာ မူးယစ်ဆေးမှောင်ခို လုပ်ငန်းကရတဲ့ ငွေတွေလည်ပတ်နေ တဲ့အကြောင်း The New York Times သတင်းစာကြီးမှာ ပါလာပြီးတဲ့ နောက်ပိုင်း အဲ့ဒီ ဆောင်းပါးပါ Jewellery Luck ဆိုတဲ့ မြန်မာကုမ္ပဏီကို အမေရိကန်အစိုးရက စိတ်ဝင်တစား စုံစမ်းနေကြောင်း သံတမန်သတင်းရပ်ကွက် သတင်းအရ သိရပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ငွေမည်းတွေကို ငွေဖြူလုပ်နေတဲ့ အကြောင်းနဲ့ မြန်မာပြည်ရဲ့ မှုးယစ်ဆေးမှောင်ခိုလုပ်ငန်းက ငွေတွေ လည်ပတ်နေတဲ့ ဆောင်းပါး ပါလာပြီး နောက်ပိုင်း ဆောင်းပါးထဲမှာပါတဲ့ Jewellery Luck ဆိုတဲ့ ကုမ္ပဏီကို US အစိုးရက စိတ်ဝင်တစား စုံစမ်းနေကြောင်း သံတမန် သတင်းရပ်ကွက်က သတင်း ရရှိပါတယ်။
အမေရိကန်အစိုးရ သိချင်တာကတော့ Jewellery Luck ကုမ္ပဏီကို ဘယ်သူက ပိုင်တာလဲ။ နောက်ပိုင်းမှာ ဘယ်သူတွေပါသလဲ။ မှုးယစ်ဆေးဝါး ကိစ္စနဲ့ တကယ်ရော ပတ်သက် သလား ဆိုတာတွေပဲ ဖြစ်ပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာကြီးထဲမှာ ခရိုနီသူဌေးကြီးတွေ ဖြစ်တဲ့ ဦးအိုက်ထွန်း၊ ဦးထွန်းမြင့်နိုင် (Steven Law) နဲ့ Jewellery Luck က ဦးတင်ထွန်းဦးတို့ကို နာမည်နဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။
The New York Times ဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၅ ရက်နေ့က ဖော်ပြထားသော Thomas Fuller ၏ Profits of Drug Trade Drive Economic Boom in Myanmar ဘာသာပြန် ဆောင်းပါး အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။