ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်တပ်ရဲ့ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ် မှုတွေဖြစ်နေတဲ့ အပြင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကျဆင်းလာနေပါတယ်။ အလားတူပဲ နိုင်ငံ သားတွေရဲ့ အနာဂတ်ဟာလည်း မသေချာမရေရာမှုတွေဖြစ်ပေါ်လာပါတယ်။
အဲဒီလို မသေချာမှုတွေ ခံစားနေရတဲ့အချိန်မှာပဲ လူသားတို့ရဲ့ သဘာ၀ အတိုင်း ထွက်ပေါက်ရှာ တဲ့အနေနဲ့ ယုံကြည် ကိုးကွယ်စရာကို ရှာတတ်ကြပါတယ်။ ယုံကြည်မှု လွန်ကဲသူတွေကတော့ ဗေဒင်၊ နတ်တွေ၊ ဘိုးတော်တွေကို ယုံကြည် ကိုးကွယ်တတ်ပါတယ်။
ဒါပေမယ့် ထိုင်းလူမျိုး တချို့ကတော့ တမူထူးဆန်းစွာနဲ့ အရုပ်လေးတွေကို အသက်သွင်းပြီး ကိုးကွယ် လာကြတာကို တွေ့ရပါတယ်။ ဒီအရုပ်လေးတွေက ကိုးကွယ်သူတွေ အတွက် အမှန် တကယ် လာဘ် ကောင်း၊ မကောင်း မသေချာပေမယ့် အရုပ်လေးတွေ ထုတ်လုပ်ရောင်းချသူတွေ အတွက်တော့ စီးပွား ရေးကောင်း လာမှာတော့ အသေအချာပါပဲ။
ထိုင်းနိုင်ငံမှာ အယူသည်းတဲ့ ထိုင်းလူမျိုးတွေဟာ ကလေးအရွှယ် ပြုလုပ်ထားတဲ့ အရုပ်တွေကို အ သက်သွင်းပြီး လဘ်လာဘ ကံကောင်းဖို့ စီမံတဲ့ Black Magic တွေ ခေတ်စား၊ ပျံ့နှံ့လာနေတာကို တွေ့ရပါတယ်။
အဲဒီ Child Angel အရုပ်တွေကို online ပေါ် မှာယူဝယ်ယူနိုင်ပြီး ဘုန်းတော်ကြီးကျောင်း တချို့မှာ ဝိဉာဏ်သွင်းပြီး ကံကောင်းစေဖို့ ဆုတောင်းကြတဲ့အလေ့အထခေတ်စားနေပါတယ်။
အရုပ်တရုပ်ရဲ့ တန်ဖိုးဟာ ဘတ် ၁၅၀၀ (US – 40) နဲ့ ၃၀၀၀၀ (US – 800) ခန့် ဈေး အထိ ရှိ တယ်လို့ သိရပါတယ်။