ရန်ကုန်မြို့တွင်း ခုံးကျော်တံတားအသစ် ၂ စင်း ထပ်မံတည်ဆောက်မည့် စီမံကိန်းကို ယနေ့ ဧပြီ ၆ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပယ်ဖျက်ရန်ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက “ဘဏ္ဍာနှစ်သစ် အတွက် စီမံကိန်းဥပဒေကြမ်းထဲက တံတားစီမံကိန်း ၂ခု ကိုပဲ ပယ်ဖျက်ပြီး ဥပဒေကြမ်းကို အတည်ပြုလိုက် တာ” ဟု ဧရာဝတီသို့ပြောသည်။
ယခင်အစိုးရက ခုံးကျော်တံတားသစ် ၂ စင်းကို ကမ္ဘာအေးဘုရားလမ်း ပါရမီလမ်းဆုံ နှင့် မြောက်ဥက္ကလာ လမ်းဆုံတို့တွင် တည်ဆောက်ရန် တိုင်းဒေသကြီး စီမံကိန်းဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။
ယခင် တိုင်းဒေသကြီး စီမံကိန်းဝန်ကြီးဟောင်းက ရေးဆွဲခဲ့သည့် တံတား ၂ စင်းတည်ဆောက်ရေး ဘက်ဂျက် မှာ တိုင်းဒေသကြီးတခုလုံး ဘက်ဂျက်အသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည့်အတွက် ဖျက်သိမ်းကာ အခြား လိုအပ်သည့် မြို့နယ်များတွင်သာ ပိုမိုသုံးစွဲသင့်ကြောင်း ဦးနေနိုင်ဦးက ပြောခဲ့သည်။