နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ လာမည့် ဇွန်လတွင် သွားရောက် လည် ပတ်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ ဇွန်လတွင် သွားရောက်လည်ပတ်မည်ဖြစ်သော်လည်း သွားရောက် မည့် နေ့ရက်နှင့်အချိန်ကို အတိအကျမပြောနိုင်သေးဘဲ ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်း နိုင်ငံ ခရီးစဉ်တွင် သမ္မတဦးထင်ကျော် ပါဝင်မည်၊ မပါဝင်မည်ကို မပြောနိုင်သေးကြောင်း နိုင်ငံတော် သမ္မတ ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်သည် ဇွန်လ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့အတွင်း သွားရောက် မည်ဖြစ် ပြီး သမ္မတဦးထင်ကျော်ပါဝင်မည်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
NLD အစိုးရသစ်၏ ပထမဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော် တို့ သည် မေလတွင် လာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် သမ္မတဦးထင်ကျော်သည် ရုရှားနိုင်ငံသို့ အာဆီယံ-ရုရှား နှစ် ၂၀ ပြည့် အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့သည်။
မေလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် မြန်မာနိုင်ငံ လာရောက် လည် ပတ်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း၊ လွန်ခဲ့သည့်အပတ်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး တပ်ချုပ်၏ ခရီးစဉ်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ထိုင်းတပ်မတော်ဦးစီးချုပ် အပါအဝင် ထိုင်းအစိုးရ၊ ထိုင်းတပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။