မြန်မာ့တပ်မတော်အတွက် ယူကရိန်း လုပ် BTR-3U အမျိုးအစား စစ်သည်တင် သံချပ်ကာယာဉ်များ ဝယ်ယူဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်နေကြောင်း ယူကရိန်း ကာကွယ်ရေးဆိုင်ရာ သတင်း Military informant က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲ တွေမှာ BTR သံချပ်ကားများကို အသုံးပြုကာတိုက် ခိုက်ခဲ့ရာမှာ လျင်မြန်စွာ စစ်ကစားနိုင်ပြီး ထိရောက်မှုရှိတဲ့ အတွက် ထပ်မံဝယ်ယူရန် ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းလုပ် BTR-3U စစ်သည်တင်ယာဉ်ဟာ ဆိုဗီယက်လုပ် BTR – 80 ကို အဆင့်မြှင့်တင်ထား ခြင်းဖြစ်ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ ယူကရိန်းနှင့် ယူအေအီး ကုမ္ပဏီတို့ ဖက်စပ်ပြုလုပ်ကာ ထုတ်လုပ် ထားခြင်းဖြစ်ပါတယ်။
BTR-3U သံချပ်ကာကားမှာ ၃၀ မီလီမီတာ အမြောက်၊ ၇. ၆၂ မီလီမီတာ စက်သေနတ်၊ လက်ပစ်ဗုံး တပ်ဆင်ပစ်ခတ်နိုင်တဲ့ ၃၀ မီလီမီတာ အော်တိုမက်တစ်လောင်ချာ၊ တင့်ကားပစ် ဒုံးကျည်တို့ တပ်ဆင် ထားသလို လက်နက်ငယ်တွေရဲ့ ပစ်ခတ်မှုနဲ့ အမြောက်ကျည်ဆန်ဒဏ်ကို ခံနိုင်ရည်ရှိအောင်လည်း ပြုလုပ်ထား တယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်ဟာ ၂၀၀၃ခုနှစ်မှာ ယူကရိန်းလုပ် BTR-3U သံချပ်ကာကား ၁၀ စီးဝယ်ယူပြီး နောက်ပိုင်းမှာတော့ ယူကရိန်း နည်းပညာများအကူအညီနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေ ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအကြား စစ်လက်နက်တပ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေရာ အိမ်နီး ချင်း ထိုင်းဘုရင့်တပ်မတော်မှလည်း ယူကရိန်းလုပ် BTR-3E1 (ဂ×ဂ) ဘီးယက် စစ်သည်တင် သံချပ်ကာယာဉ်(APC) များ ကို အသုံးပြုလျှက်ရှိပါတယ်။