ထိုင်းနိုင်ငံ ရပ်ချ်ဘူရီခရိုင်၌ မြန်မာဆောက်လုပ်ရေး အလုပ်သမား ၁၆ ဦးအား တင်ဆောင် လာသည့် ထရပ်ကားတစီးနဲ့ တခြားကား ၂စီးတို့ Chedihak-Thungpo လမ်းပေါ်တွင် ယနေ့နံနက်ပိုင်း ၈နာရီခန့်က တိုက်မိရာ မြန်မာတဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိကြောင်း Bangkok Post သတင်းကဆိုပါတယ်။ တခြားကားများမှ ကျောင်းသားကလေးငယ် ၂ဦးနှင့် လူ၃ဦးတို့လည်း ဒဏ်ရာရသွားပြီး ရပ်ချ်ဘူရီဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
ကားတိုက်မှုက လွတ်မြောက်လာသူတဦး ပြောချက်အရ အလုပ်သမားများ တင်ဆောင်လာတဲ့ ကားဟာ လမ်းသန့်ရှင်း ရေးလုပ်နေတဲ့ ကားကိုရှောင်ရင်း တဖက်ကလာတဲ့ ပစ်ကပ်ကားနဲ့ ဆီဒင်ကားကို ဝင်တိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။