အမျိုးသားတယောက်ရဲ့ လိင်အင်္ဂါဟာ ကြီးမားတဲ့ပျော်စရာ သုခကိုပေးတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုလို့ ဆိုနိုင်သလို တခါ တရံ ကျပြန်တော့လည်း စိတ် အနှောင့် အယှက်ဖြစ်စရာတွေ ပေးတတ်ပြန်ပါတယ်။ အမျိုးသားတွေ ကိုယ့်ရဲ့ လိင် အင်္ဂါ အရွယ်အစားအပေါ် စိတ်တိုင်းမကျမှု၊ လိင်အင်္ဂါ တောင့်တင်းခြင်းအတိုင်းအတာနဲ့ လိင်မှုစွမ်းဆောင်ရည်တွေ ကြောင့် စိတ်အနှောင့် အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့သော စိတ်ပျက်စရာတွေဟာ ရောဂါ အရသော်လည်း ကောင်း မိမိရဲ့ ဘဝနေထိုင်မှုပုံစံ ကြောင့် သော်လည်း ကောင်း ဖြစ်နိုင်သလို လိင်အင်္ဂါနဲ့ ပတ်သက်လို့ မသိတဲ့ အချက်တွေ ရှိနေတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သိထားသင့်တဲ့ အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
(၁) ဆေးလိပ်သောက်ခြင်းက အမျိုးသားတွေရဲ့ လိင်အင်္ဂါကို ၁ စင်တီမီတာလောက်အထိ တိုစေပါတယ်။ လိင်အင်္ဂါ တောင့်တင်းလာဖို့က ကောင်းမွန်တဲ့ သွေးစီးဆင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ဆေးလိပ်ကြောင့် သွေးကြောငယ်လေးတွေ ကျဉ်း မြောင်းပိတ်ဆို့ နိုင်တဲ့ အတွက် လိင်အင်္ဂါတောင့်တင်းလာတဲ့ အချိန်မှာ ရှိသင့်တဲ့ မာကျောမှုနဲ့ အရွယ်အစားကို ရနိုင်တော့ မှာ မဟုတ်ပါဘူး။ အမျိုးသား ကျန်းမာရေး ဆိုင်ရာ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ menhealth.com ကတော့ အဆုတ်ပျက်စီးမှာ၊ အသေစောမှာကို မကြောက်ရင်နေပါ။ ညီလေးကို တော့ ညှာတာသင့်ပါတယ် လို့ ဆေးလိပ်ကြိုက်တဲ့ အမျိုးသားတွေကို အကြံပြုထားပါတယ်။
(၂) ဆီးကြိတ်(prostate gland) ကြီးနေခြင်းကြောင့် လိင်အင်္ဂါတင်းမာနိုင်မှုမရှိခြင်း ဖြစ်နိုင်သလို သုက်လွှတ်စောခြင်းကို လည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီပြဿနာ ၂ ခုထဲက တခု သို့မဟုတ် ၂ ခုလုံး ရှိနေခဲ့ရင် ဆရာဝန်က ဆီးကျိတ် ကို အရင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးမှ နောက်ထပ်ဖြစ်နိုင်ချေတွေကို ဆက်လက်စစ်ဆေးမှာပါ။
(၃) အမျိုးသားတွေ လိင်ဆက်ဆံခြင်းရဲ့ အမြင့်ဆုံး အထွဋ်အထိပ်ကို ခံစားရတဲ့ အချိန်က ဖျမ်းမျှအားဖြင့် ၆ စက္ကန့် လောက် ကြာ ပြီးတော့ အမျိုးသမီးတွေရဲ့ အထွဋ်အထိပ်ကာလ ကတော့ ဖျမ်းမျှ ၂၃ စက္ကန့် ကြာမြင့်ပါတယ်။
(၄) လိင်တံ ထိပ်အရေပြားကို ဖြတ်ထားပေမယ့်လည်း ထိပ်ကို ပြန်ဖုံးလို့ရပါတယ်။ ရွှေ့နိုင် ဆွဲနိုင်တဲ့ လိင်တံပေါ်က အရေ ပြား ကို ထိပ်ကိုရောက်တဲ့ အထိဆွဲပြီး တိပ်နဲ့ ကပ်ထားလို့ ရပါတယ်။ ဆရာဝန်တွေကတော့ ဒီလို ပြန်ဖုံးဖို့ အတွက် ပလပ် စတစ်ကွင်းတွေ၊ အစွပ်တွေနဲ့ အလေးတွေ သုံးတတ်ကြပါတယ်။ ဒါပေမယ့် အပြည့်အ၀ ပြန်ဖုံးအုပ်သွားဖို့ ကတော့ စိတ်ရှည်ရှည်ထားပြီး နှစ်နဲ့ ချီပြီး လုပ်ရမှာ ဖြစ်ပါတယ်။
(၅) မိမိရဲ့လိင်တံကို မိမိရဲ့ပါးစပ်နဲ့ ပြန် ငုံလို့ ရတဲ့ အထိ ကိုယ်ခန္ဓာကို ကွေးညွှတ်နိုင်တဲ့ အမျိုးသားကတော့ လူ ၄၀၀ ရာမှာ ၁ ယောက် သို့ မဟုတ် ၀ ဒသမ ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
(၆) လိင်အင်္ဂါ အမျိုးအစား ၂ မျိုး ရှိပါတယ်။ တမျိုးကတော့ တောင့်တင်းလာချိန်မှာ အရွယ်အစားပိုကြီး ပြီး ပိုရှည်လာ တတ်တဲ့ အမျိုးအစား(growerလို့ ခေါ်ပါတယ်) ဖြစ်ပြီးတော့ နောက်တမျိုးကတော့ နဂိုနေမှာတင် ကြီးမား ရှည်လျားပြီး လိင်စိတ်ကြောင့် တောင့်တင်းလာတဲ့ အချိန်မှာလည်း ပိုထူးပြီး ကြီးမလာတဲ့ အမျိုးအစား (showerလို့ ခေါ်ပါတယ်)ဖြစ်ပါ တယ်။ menhealth.com က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အမျိုးသား ၇၉ ရာခိုင်နှုန်းဟာ grower တွေ ဖြစ်ပြီးတော့ shower ကတော့ ၂၁ ရာခိုင်နှုန်းပဲရှိပါတယ်။
(၇) မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင် ဘဝတွေကို သိမ်း ပိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီနှုန်း အရဆိုရင် သူက တနေ့ကို အပျိုစင် ၇ ယောက်နဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
(၈) ရုပ်ရည်ကြည့်ကောင်းတဲ့ အမျိုးသားတွေရဲ့ သုက်ရည်က တခြားအမျိုးသားတွေ ထက်ပိုပြီး သန်စွမ်းကျန်းမာပါတယ်။ စပိန်နိုင်ငံက သုတေသီတွေက သုက်ရည်သန်စွမ်းအားကောင်းတဲ့ အမျိုးသားတွေ၊ ပုံမှန်လောက်ရှိသူတွေ၊ အားနည်းသူ တွေ အမျိုးစုံပါဝင်နေတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပံုံတွေကို အမျိုးသမီးတွေကို ပြပြီး သူတို့ အချောဆုံးလို့ ထင်တဲ့ အမျိုး သားတွေရဲ့ ဓာတ် ပုံတွေကို ရွေးခိုင်းကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ အမျိုးသမီးတွေ ရွေးထုတ်လိုက်တဲ့ ဓာတ်ပုံ ပိုင်ရှင် တွေက သုက်ရည် သန်စွမ်း အားကောင်းတဲ့ သူတွေ ဖြစ်နေတတ်တာကို တွေ့ခဲ့ ရပါတယ်။
(၉) သုက်ရည်ထွက်တာ (ပြီးတာ)က ဦးနှောက်ကြောင့် မဟုတ်ပါဘူး။ ကျောရိုးမကြီးထဲမှာရှိတဲ့ အာရုံကြော(spinal cord) ကြောင့် ဖြစ်ပါတယ်။
(၁၀) လိင်တံကျိုးတဲ့ ပြဿနာ အများဆုံးဖြစ်စေတာကတော့ တကိုယ်ရေ အာသာဖြေမှုကို ကြမ်းကြမ်းတမ်းတမ်း လုပ်မိလို့ ဖြစ်လေ့ရှိပါတယ်။
(၁၁) လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ မက်သည်ဖြစ်စေ မမက်သည်ဖြစ်စေ နံနက်ခင်းအိပ်ရာက နိုးလာတဲ့ အချိန်မှာ လိင်တံက အစွမ်းကုန်တောင့်တင်း သန်မာနေတာကို ကြုံရတတ်ပါတယ်။ အဲဒါ အားနည်းချက်တခုခု ရှိနေလို့ မဟုတ်ပါဘူး။ များသော အားဖြင့် အမျိုးသားတွေဟာ နှစ်နှစ် ချိုက်ချိုက် အိပ်ပျော်နေစဉ်အတွင်း တညကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လိင် အင်္ဂါ တောင့်တင်းနေမှုကို ကြုံရနိုင်ပါတယ်။ တကယ် တော့ အဲဒါက ကိုယ့်မှာ လိင်အင်္ဂါတောင့်တင်းနိုင်မှု မရှိတဲ့ရောဂါ သို့မဟုတ် ပန်းသေ တဲ့ရောဂါ မရှိဘူးလို့ ယုံကြည်စိတ်ချ ထားနိုင်တဲ့ သင်္ကေတ တခုလည်း ဖြစ်ပါတယ်။
Source: menshealth.com