တူရကီနိုင်ငံ အနောက်ပိုင်းက နေတိုးစစ်စခန်းအနီးမှာ မီးလောင်မှုကြီးတရပ် တနင်္ဂနွေနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဟာ အမေရိကန်ဆန့်ကျင်ရေးလုပ်ရပ်တခု ဖြစ်နိုင်တဲ့အတွက် တူရကီ အာဏာပိုင်တွေက စုံစမ်းနေကြောင်း CNN(တူရကီ)ကဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာ လူဦးရေထူထပ် တဲ့ ဒေသမှာ ဖြစ်ပွားတဲ့အတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင် ကျွမ်းမှု ကို ရဟတ်ယာဉ်နဲ့ လေယာဉ်တွေသုံးပြီး ငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။
ဒီစစ်စခန်းဟာ နိုင်ငံတကာကပ်ဘေးတွေမှာ ချက်ခြင်းတုံပြန်နိုင်ဖို့အတွက် အမေရိကန်စစ်သားတွေကို အထောက်အပံပေးထားတဲ့ စစ်စခန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နောက်မှာ တူရကီ အခြေစိုက် နေတိုးစစ်စခန်းတွေက နျူကလီးယား လက်နက်တွေကို အမေရိကန်က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
အဆိုပါ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို အမေရိကန်မှာ ရောက်ရှိနေတဲ့ တူရကီဘာသာရေးခေါင်း ဆောင် ဖာသူလာ ဂူလန်က နောက်ကွယ်က ကြိုးကိုင်တယ်ဆိုပြီး အာဒိုဂန်အစိုးရက စွပ်စွဲထားသလို၊ လွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပါတယ်၊ ဒါပေမယ့် ဒီတောင်းဆိုချက်ကို အမေရိကန် ငြင်းပယ် ထားတဲ့အတွက် တင်းမာမှုတချို့ဖြစ်ပေါ်ခဲ့ပါတယ်။