စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ
မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းမည့်သူတို့၏ မိသားစုဝင်များအား ထောက်ပံ့ရန်ဟူသော အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေပြည်သူများကို ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။