အာရှ၏ ကြိုက်နှစ်သက်သော ဈေးနှုန်းသက်သာသည့် Vietjet လေကြောင်းလိုင်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ပြီးသည့်နောက် အရှေ့တောင်အာရှနိုင်ငံများရှိ လေယာဉ်မောင်မယ်များကို လေကြောင်း လိုင်း၏ ပြည်တွင်းပြည်ပခရီးစဉ်ပေါင်း (၅၃) ခုကို ပြေးဆွဲနေသော လေယာဉ်များပေါ်တွင် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် အောင်မြင်စွာခန့်အပ်ပြီးဖြစ်သည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် Vietjet လေကြောင်း လိုင်းသည် ၎င်းတို့၏ ဟိုချီမင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသော ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ မဆုမြတ်မို (Sierra)ကို အလုပ်ခန့်အပ်ပြီးနောက် သူမ၏ အလုပ်နယ်ပယ်အသစ်အကြောင်းအား ပြောပြ၍ မြန်မာ့ လူငယ်မောင်မယ်တို့အားလုံးကိုလည်း ဗီယက်နမ်နိုင်ငံ၏ လျင်မြန်စွာတိုးတက်လာသော လေကြောင်းလိုင်း တွင် လုပ်ကိုင်ကြရန် အကြံပေးပြောကြားသည်။
နိုင်ငံတကာ ခရီးစဉ်
အင်္ဂလိပ်စကားပြော ကျွမ်းကျင်ပြီး မိခင်ဘာသာစကားမှာ မြန်မာစကားဖြစ်နေခြင်းကြောင့် Sierra သည် Vietjet လေကြောင်းလိုင်း၏ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အား ပျံသန်းသော ခရီးစဉ်များအတွက် ဦးစားပေးရွေးချယ်ခံရသူများတွင် အမြဲလိုလို ပထမနေရာမှ ပါဝင်သည်။
ဗီယက်နမ်နိုင်ငံ သို့ လေ့လာရေး
Sierra မှ စိတ်အားထက်သန်စွာဖြင့် “ကျမက Vietjet မှာအလုပ်လုပ်ရတာကို အရမ်းကြိုက်ပါတယ်။ ကျမကို ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေကိုသွားရောက် လေ့လာခွင့်ပေးပြီးတော့ တချိန်တည်းမှာပဲ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေ မတူညီတဲ့ လူမျိုးတွေကို တွေ့ဆုံလေ့လာခွင့်လည်း ရပါတယ်။ ဟိုချီမင်းမြို့မှာ အခြေစိုက်တာကြောင့် ကျမက အရသာရှိတဲ့ ဗီယက်နမ် အစားအစာတွေကိုလည်း မြည်းစမ်းခွင့်ရတယ်၊ ရှော့ပင်းမောလ်တွေ အဝတ်အစားဆိုင်တွေမှာ နိုင်ငံတကာ ကုုန်အမှတ်တံဆိပ်တွေကို ဝယ်ယူခွင့်ရပါတယ်။ ဒါ့အပြင် ဗီယက်နမ်မှာရှိတဲ့ ကမ်းခြေတွေဖြစ်တဲ့ Phu Quoc, Nha Trang, Da Nang ဒါမှမဟုတ် Cua Lo တို့မှာ နေပူဆာလုံရတာ ကျမရဲ့ အကြိုက်ဆုံး အပန်းဖြေနည်းတခု ဖြစ်လာပါတယ်” ဟုု ပြောကြားသည်။
ရင်းနှီးဖော်ရွေသော လေကြောင်းလိုင်း
ဗီယက်နမ်နိုင်ငံနှင့် အခြားဒေသတွင်းနိုင်ငံအချို့တွင် သင်တန်းပေါင်းများစွာတက်ရောက်ခဲ့သော Sierra က Vietjet လေကြောင်းမှ လေယဉ်မောင်မယ်အနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး ကျန်းမာသန်းစွမ်းရန်လိုအပ်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့်ပါ တသားတည်းလုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ပြောသည်။ သိုသော် ယခုအခါ သူမအနေဖြင့် အာရှမှ ရင်းနှီးဖော်ရွေသော လေယာဉ်မယ်များအနက် တဦးအဖြစ် ဂုဏ်ယူနိုင်ပြီ ဖြစ်သည်။
ထင်ပေါ်ကျော်ကြားသည့် နေထိုင်မှုဘဝ
Vietjet တွင် အလုပ်လုပ်ကိုင်နေသော Sierra နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းသော ဟနွိုင်းမြို့ သို့မဟုတ် ဟိုချီမင်းမြို့များတွင် အကောင်းစား ဟိုတယ်ကြီးများတွင် နေထိုင်ခွင့်ရပြီး ကောင်းမွန်သော လစာနှုန်းကိုလည်း ရရှိထားပါသည်။ Vietjet လေကြောင်းလိုင်းမှ ဗီယက်နမ်နိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးနေသော ကွန်ရက်တစ်ခု ဖြစ်သောကြောင့် Sierra မှ “ကျမဖြစ်ချင်တဲ့ စိတ်ကူးတွေကို အားလပ်ချိန်မှာ အလွယ်တကူ အကောင် အထည်ဖော်နိုင်ပါတယ်။ ကျမအတွက်တော့ ဒီလိုပျော်စရာကောင်းတဲ့ အာရှရဲ့ လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်ရင်း ကျမရဲ့တခြားအိမ်မက်တွေကိုလည်း အလွယ်တကူ အကောင်အထည်ဖော် ဖြည့်ဆည်းလို ရပါတယ်” ဟု ဖြေကြားခဲ့သည်။
ဝန်ထမ်းရှာဖွေခြင်း
Vietjetမှသွက်လက်ပြီး ခရီးသည်များအား ဦးစားပေးဝန်ဆောင်မှုပေးတတ်သော အလုပ်အကိုင် ရှာဖွေသူများအတွက် လူတွေ့မေးမြန်းခြင်းများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။ Vietjet လေကြောင်းလိုင်းတွင် အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသော မြန်မာတို့အနေုဖြင့် Vietjet Website ဖြစ်သည့် http://www.vietjetair.com/Sites/Web/en-US/News/about-us/549/career တွင် online မှတဆင့် အလုပ်လျှောက်ထားနိုင်ပါသည်။ လူတွေ့မေးမြန်းခြင်း အောင်မြင်သူများအား ဗီယက်နမ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် သွားရောက် သင်တန်းတက်ရောက်ခွင့်ရမှာဖြစ်ပြီး ကောင်းမွန်သော လစာ၊ လုပ်ငန်းလုပ်ကိုင်ခွင့်အပြင် အဖွဲ့အစည်းအတွင်းကန့်သတ်ချက်မရှိ ရာထူးတိုုးမြှင့်ခြင်း အခွင့်အရေးများ ရရှိသွားမည်ဖြစ်သည်။
Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှု အယူအဆများဖြင့် ပြေးဆွဲလျက်ရှိသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ ၃ နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) မှ IOSA လက်မှတ်ကိုရရှိထားသည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွား အေဂျင်စီများနှင့် ခရီးသွားလုုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier ” ဆုကိုုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက် အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းသုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ခုနှစ်အတွင်း ဗီယက်နမ်၏လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီး ဖြစ်သည်။ Socialbakers မှ ပေးအပ်သည့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းစာရင်းတွင် ထိပ်ဆုံး ၃ ခုမှ တစ်ခုအပါအဝင်အဖြစ် Facebook ပေါ်တွင် ရပ်တည်လျက်ရှိသည်။
လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအဝင် လေယာဉ် ၄၁ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃၀၀ ပျံသန်း ပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်းအခု ၅၃ ခုဖြင့် ပျံသန်း ပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင်ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်း ၂၅ သန်းကို လိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ရှေ့ဆက်ပြီး Vietjet သည် ၎င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့် အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ဝယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီ များနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။
Like Vietjet on Facebook, https://www.facebook.com/Vietjetmyanmar, follow us on Twitter, @Vietjetvietnam, and watch our videos at https://www.youtube.com/user/Vietjetvietnam.