ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ (မကဖ) စစ်ဆေးရေးဂိတ် ၌ စက်သုံးဆီပေပါများ တင်ဆောင်လာသည့် ယာဉ်တစီးကို စစ်ဆေးရာ စက်သုံးဆီပေပါများအတွင်း ဖွက်သယ်လာသည့် WY စိတ်ကြွရူးသွပ်ဆေးပြား ၁၅သန်းနီးပါးကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ရက်နေ့(မနေ့) နံနက် ၆နာရီခွဲခန့်က ပန်းတောင်ညောင်ခြေထောက် ကျေးရွာ နေ ကျော်ကျော်(ခ) ဝင်းကျော်ဦး(၃၄နှစ်) မောင်းနှင်လာသည့် မြေသယ်၊ ကျောက်သယ်ယာဉ်အား ညောင်ကျိုးစစ်ဆေးရေး ဂိတ်မှ ရပ်တန့်ှရှာဖွေရာ စက်သုံးဆီဆီပေပါ ၁၄လုံးအတွင်းဖွက်၍ သယ်ဆောင်လာ သော ကာလတန်ဖိုး ကျပ်သန်းပေါင်း ၇သောင်းခွဲကျော် ရှိ စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး (၁၄၉၅၄၀၀၀ လုံး)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
WY စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသည့် ယာဉ်မောင်း ကျော်ကျော်(ခ) ဝင်းကျော် ဦးအပါအဝင် ကားပေါ်တွင်အတူလိုက်ပါလာသည့် ဥသျှစ်ပင်မြို့နေ ချစ်ဖွယ်(၃၆နှစ်)၊ ပေါက်ခေါင်းမြို့ နယ် တောင်လည်ရွာမှ သက်ဇော်ဝင်း(၃၁နှစ်)တို့ကို ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ရဲစခန်းက ဖမ်းဆီး လိုက်ပြီး နောက်ဆက်တွဲ ကွင်းဆက်များကို စုံစမ်းစစ်ဆေးလျှက်ရှိသည်။
ယခုအကြိမ်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ပဲခူးတိုင်းအတွင်း အများဆုံးဖမ်းဆီးရခြင်းဖြစ် ကြောင်းသိရပြီး အဆိုပါ ဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့ဝင်များမှ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။