ပင်လယ်နီဒေသ ယီမင်ကမ်းရိုးတန်းမှာ လှုပ်ရှားနေတဲ့ အမေရိကန် စစ်သင်္ဘော USS Mason ဟာ ယနေ့နံနက်စောစောက ဒုံးပျံ ၂စင်းဖြင့် တတိယအကြိမ်မြောက် ပစ်ခတ်တိုက်ခတ်ခံရတယ်လို့ အမေရိကန်တာဝန်ရှိတွေက ကြေညာခဲ့ပါတယ်။ ဒါဟာ တပတ်အတွင်း တတိယအကြိမ်အတိုက် ခံရခြင်းဖြစ်ပြီး၊ အောက်တိုဘာ ၁၃ရက်နေ့က တကြိမ်၊ အဲဒီမတိုင်ခင် ၄ရက်ခန့်က တကြိမ် စုစုပေါင်း ၃ကြိမ် အတိုက်ခံရပါတယ်။
ပစ်ခတ်တဲ့ ဒုံးပျံ ၂စင်းအနက် တစင်းကို မက်ဆွန်ဖျက်သင်္ဘောမှာ တပ်ဆင်ထားတဲ့ ကာကွယ်ရေးစနစ်က ဖျက်စီးလိုက်နိုင်ြ့ပီး၊ နောက်တစင်းကတော့ အိန္ဒိယသမုဒ္ဒရာထဲကို ကျသွားတယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေဟာ ယီမင်ဟူသီသူပုန်တွေရဲ့ ရေဒါစခန်း ၃ခုကို အမေရိကန်ကတိုက်ခိုက်ပြီးတဲ့ နောက်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ပထမအကြိမ် မက်ဆွန် ဖျက်သင်္ဘော တိုက်ခိုက်ခံရစဉ်က USS Ponce နဲ့အတူ လှုပ်ရှားနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်တိုက်ခိုက်မှု အပြီး ဟူသီသူပုန်တွေ ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။