ရုရှားတပ်မတော် ကြည်တပ်ဦးစီးချုပ် Colonel General Oleg L. Salyukov၏ ဖိတ်ကြားချက်အရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ရန်ကုန်လေဆိပ်မှ ရုရှားနိုင်ငံသို့ သွားရောက် ကြောင်း MOI သတင်းက ဆိုပါတယ်။
ရုရှားနဲ့ မြန်မာဟာ စစ်ရေးဆက်ဆံမှုများ ပိုမိုတိုးမြှင့်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ် မေလမှာမြန်မာ-ရုရှား စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရုရှား ကြည်းတပ်ဦးစီးချုပ် Colonel General OLEG L.SALYUKOV နေပြည်တော်သို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ စစ်ဘက်နှင့် ဆေးပညာရပ်ပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ ပညာတော်သင်များ စေလွှတ်ရေး၊ တပ်မတော်အချင်းချင်း အတွေ့ အကြုံများ ဖလှယ်၍ အတတ်ပညာနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
ဒါအပြင် ဇူလိုင်လအတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့ တဲ့ ဇူလိုင်လ ၃ရက်နေ့က ရုရှားနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွား ရောက် ခဲ့ရာမှာ ကာဇန် ဒေသ က Mi 17V-5 (နေတိုးအခေါ် Hip) ရဟတ်ယာဉ်များ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။