ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အား အစိုးရနှင့် ရုရှားတို့၏ လေကြောင်းမှ တိုက်ခိုက်နေခြင်းမှ ကာကွယ် ရန် အတိုက်အခံသူပုန်များက MANPADS ကဲ့သို့ လေယာဉ်ပစ် ပခုံထမ်းလောင်ချာများရရှိရေး ကြိုးပမ်းနေကြောင်း ရုရှား သတင်းတွေကဆိုပါတယ်။
ဆော်ဒီအာရေဘီးယားက ကျောထောက်နောက်ခံပြုထားတဲ့ အဆင့်မြင်ညှိနှိုင်းရေးအဖွဲ့(HNC)နဲ့ သူပုန်အဖွဲ့ ရီယဒ်မြို့မှာ ၂ရက်ကြာတွေ့ဆုံပြီးနောက် ထိုသို့ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ် ပါတယ်။
HNC ပြောခွင့်ရ ဆလမ်း အယ်မက်စ်လက်အဆိုအရ အဓိက ဆီးရီးယား အတိုက်အခံသူပုန်များ အနေဖြင့် ညီနောင်နိုင်ငံများနှင့် မိတ်ဆွေများထံမှ ခေတ်မီလက်နက်များ ရောင်းချပေးရေး ကန့်သတ်မှုများကို လျော့ချပေးရန် တောင်းဆိုကြောင်းသိရပါတယ်။
ဆီးရီးယားအစိုးရအနေဖြင့် လေတပ်ကို အသုံးပြုပြီး ဗုံးများကြဲချနေရာ အနိမ့်ပျံ ရဟတ်ယာဉ်များကို ပစ်ချဖို့ အဓိက အတိုက်အခံသူပုန်များကို ပုခုံထမ်းလောင်ချာကဲ့သို့ ခေတ်မီလက်နက်များကိုလိုချင် နေတာဖြစ်ပါတယ်။
စောစောပိုင်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင်ရ John Kirby ကလည်း ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေ ဟာ သူပုန်တွေကို MANPADS ကဲ့သို့ ပုခုံးထမ်းလောင်ချာတွေကို ထောက်ပံကောင်း ထောက်ပံလိမ့် မယ်လို့ စောင်းပါးရိပ်ခြေပြောဆိုခဲ့တာတွေရှိပါတယ်။
ဆီးရီးယား အာဆတ်အစိုးရဟာ အလက်ပိုမြို့ကို သူပုန်လက်မှ ပြန်သိမ်းရေးအတွက် လေကြောင်းမှ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ထို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့က ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး တူရကီ၊ ဆော်ဒီ၊ အီရန်၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာ၊ အီရတ်စသည့် နိုင်ငံများအပါအဝင် ရုရှားနှင့် အမေရိကန်အကြား၌ ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း သဘောတူညီချက်မရခဲ့ပါဘူး