အာဖရိကတိုက်က လာတဲ့ကုန်သင်္ဘောပေါ်မှ သစ်များအကြားဝှက်ပြီးသယ်လာသည့် ဆင်စွယ် ၁တန်နီးပါးကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ကက်လိုင်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဟိုချီမင်းမြို့ အကောက်ခွန်ဌာန ဒုတိယအကြီးအကဲ လီဒင်လိုင်၏ ပြောဆိုချက်အရ သစ်များ အကြား မှာ ဝှက်ပြီးသယ်ဆောင်လာတဲ့ ကွန်တိန်နာ ၂လုံးအတွင်းမှ ဆင်စွယ်များကို ပြီးခဲ့တဲ့ တနင်္လာ နေ့နဲ့ မနေ့က ၂ရက် ဆက်တိုက်သယ်ဆောင်လာခြင်းဖြစ်ပြီး၊ အဆိုပါ သင်္ဘောတွေရဲ့ ခရီးလမ်းဆုံးက အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ဆင်စွယ်နဲ့ ကြံချို ရောင်းဝယ်သူများအတွက် ကမ္ဘာအကြီးဆုံး ဈေးကွက်ကြီးတခု ဖြစ်နေပြီး၊ လွန်ခဲ့တဲ့ ၂လအတွင်းမှာပဲ ဟိုချီမင်းဆိပ်ကမ်းမှာ ဆင်စွယ် ၅တန်နီးပါး သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်နေ့ကလည်း ဟိုချီမင်းဆိပ်ကမ်းမှာ ဆင်စွယ် ၆၁၉ ကီလိုဂရမ်ကို အာဖရိက တိုက်မှ လာတဲ့ ကုန်သင်္ဘောကနေ ဖမ်းဆီးရမိခဲ့ပါတယ်။
ယခုလအတွင်း ဗီယက်နမ်နိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်တရားမဝင်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ညီလာခံတခုကျင်းပခဲ့ပါသေးတယ်။