အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးဟောာင်း James Mattis ရွေးချယ်ကြောင်း ကြေညာလိုက်ပါတယ်။
Mad Dog(ခွေးရူး)လို့ အမည်ပြောင်ပေးခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဂျိမ်းစ်မက်တစ်ဟာ အမေရိ ကန်ရဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ် ကျူးကျော်စစ်တွမှာ မရိန်းတပ် ကိုဦးဆောင်ခဲ့သူဖြစ်ပြီး၊ အီရန် ဆန့်ကျင်ရေးသမားတဦးလို့လည်း နာမည်ကြီးပါတယ်။
အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း မက်တစ်ဟာ ၂၀၁၃ ခုနှစ်အထိ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သမ္မတအိုဘားမားရဲ့ အီရန်နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီးဆွေးနွေး မှုကို အပြင်းအထန်ဝေဖန်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်ဥပဒေများအရ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် စစ်တပ်မှ အနားယူပြီး ၇နှစ်အကြာမှသာ တာဝန်ထမ်းဆောင်နိုင်မှာတဲ့အတွက် အထူးကင်းလွတ်ခွင့်နဲ့ အထက်လွှတ်တော် အတည်ပြုချက်ရယူရမယ်လို့ သိရပါတယ်။