အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင်တခု ယနေ့နံနက် ၅နာရီခန့်မှာ လှုပ်ခတ်တဲ့အတွက် လူ ၂၀ခန့်သေဆုံးသွားပြီး၊ ငလျင်ဗဟိုချက်နဲ့ နီးတဲ့နေရာတွေမှာ အဆောက်အဦးများ ပြိုပျက်ခဲ့တယ်လို့ အာချေးပြည်နယ်အုပ်ချုပ်ရေးမှူးပြောကြားချက်ကို ကိုးကားပြီး အင်ဒိုနီးရှား ရုပ်မြင်သံကြားက ကြေညာပါတယ်။
ငလျင်ဟာ အာချေးပြည်နယ် မြောက်ပိုင်းက Reuleut မြို့နဲ့ ၆မိုင်အကွာ ပင်လယ်ရေအောက် ၁၁မိုင်လှုပ်ခတ်ခဲ့ တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲကဆိုပါတယ်။
အင်ဒိုနီးရှား ရာသီဥတု မိုးလေဝသနဲ့ ဘူမိဗေဒတိုင်းတာရေးဌာနကတော့ ဆူနာမီဖြစ်နိုင်တဲ့ အလားအလာမရှိဘူး လို့ဆိုပါတယ်။ဒါပေမယ့် သေဆုံးသူဦးရေကတော့ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြင်း ၆ မဂ္ဂနီကျု့ခန့်ရှိတဲ့ငလျင်တခု အင်ဒိုနီးရှားပင်လယ်ပြင်မှာ လှုပ်ခဲ့ပါသေးတယ်။