ဆီးရီယားနိုင်ငံ အလက်ပ်ပိုမြို့တိုက်ပွဲမှာ ရုရှား စစ်ဘက်ဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး Ruslan Galitsly ကျဆုံးသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အချက်အချာကျသည့် အလက်ပ်ပိုမြို့ကို အပြီးအပိုင်သိမ်းနိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်နှင့် အတိုက်အခံများအကြား အပြင်းအထန် တိုက်ပွဲများဖြစ်နေရာ အတိုက်အခံတို့ရဲ့ အမြောက်ဆန် ထိမှန်ပြီးနောက် ရုရှားဗိုလ်မှူးကြီးမှာ ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။
လက်ရှိ အလက်ပ်ပိုမြို့၏ ၇၀ ရာခိုင်နှုန်းကို အစိုးရတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး၊ သူပုန်များထိန်း ချုပ်ရာဒေသမှ အရပ်သားများဟာ အစိုးရနယ်မြေကို ထွက်ပြေးခိုလှုံတာတွေ ရှိနေပါတယ်။