ဆက်သွယ်ရေးဥပေဒပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို တဦးလျင် ကျပ်သိန်း ၅၀၀ ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက် ယနေ့ရုံးချိန်းတွင် တာမွေမြို့ နယ်တရားရုံးက အာမခံပေးလိုက်ပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ဒေါ်လာ ၁ သိန်းခန့်တန်သည့် နာရီ လာဘ်ယူသည်ဟု ရေးသားသောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်စား တိုင်းအစိုးရအဖွဲ့က တရားလိုပြုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး အာမခံ လျှောက်ထားမှု လေးကြိမ်မြောက်မှသာ တရားရုံးက အာမခံပေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသန်းထွဋ်အောင်၏ ရှေ့နေ ဦးကြီးမြင့်က “တရားရုံးမှာတောင် ဆေးကုရတာတွေကို မြင်လို့ ထောက်ထားပြီး အာမခံပေးခဲ့တာဖြစ်မှာပါ၊ ဆေးကုရတဲ့မှတ်တမ်းတွေလည်း တရားရုံး ကိုတင်ပြခဲ့ပါတယ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
Eleven Media Group က ၎င်းတို့၏ ရေးသားခဲ့မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ အနူးအညွတ် တောင်းပန်ကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။