မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက လျင်မြန်စွာ ဖြေရှင်းနိုင်ရန် အတွက် ရဟတ်ယာဉ် များ ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့က နေပြည်တော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “တကယ်တမ်းဖြစ်လာရင် အလျင်အဖြန်တုံ့ပြန်ဖို့ ကယ်ဆယ်ရေး အပိုင်းပေါ့။ အရင်ကလို လူက ဆင်း ကယ်မှာလား၊ လူထုအင်အားနဲ့ ကယ်မှာလား။ ပစ္စည်းအင်အားနဲ့ ကယ်မှာလား။ ရဟတ်ယာဉ်လို ပစ္စည်းဝယ်ဖို့က အစ ကော်မတီနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကုမ္ပဏီပေါင်းစုံကနေ လာပြီးတင်ပြတာ ရှိတယ်။
ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆေင်တဲ့ ကော်မတီကလည်း ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အခြား ကူညီ ထောက်ပံ့ပေးမယ့် လူတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတာတွေ ရှိပါတယ်”ဟု သတင်းထောက်များကို ပြောသည်။